Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

App.com.mm ရဲ့Founder ဖြစ်တဲ့ Zay Nyi Aung ဟာဆိုရင် အခြေခံပညာအထက်တန်းကျောင်းကို ပုသိမ်မြို့အမှတ် ၁ အထက မှ အောင်မြင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အထက်တန်းအောင်မြင်ပြီးနောက် 2000 ခုနှစ်လောက်ကတည်းက နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး 2013 ခုနှစ်မှာတော့ IT4MF လို့အမည်ရတဲ့ Web Developing Company တစ်ခုကို Partner Business အဖြစ် မြန်မာပြည်တွင်းမှာ တည်ထောင်ခဲ့ပါတယ်။

တည်ထောင်စဉ်ကတည်းက နိုင်ငံရပ်ခြားမှသာ စီမံခန့်ခွဲမှုများပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာ 2014 ခုနှစ်မှာ မြန်မာပြည်တွင်း ပြန်လည်အခြေချခဲ့သူတစ်ဦးပါ။

မြန်မာပြည်ပြန်ရောက်ပြီး မကြာမီ IT4MF Company မှ အနားယူလိုက်ပြီးနောက် တစ်နိုင်တစ်ပိုင် Web Developing လုပ်ငန်းဆက်လက်လုပ်ကိုင်ရာက လေးနှစ်အကြာ 2018 ခုနှစ်မှာ Myanmar Digital Marketing Agency ကိုစတင်တည်ထောင်ခဲ့ပါတယ်။

တစ်ဆင့်တက်ခြေလှမ်းအဖြစ် Hap Eye Co., Ltd. ကို 2019 ခုနှစ်မှာ Company Registration နဲ့တရားဝင်စတင်ခဲ့ပြီး Hap Eye လက်အောက်မှ Myanmar Digital Marketing Company ကို ဆက်လက်တိုးတက်အောင်ဖော်ဆောင်ရင်း

2019 ခုနှစ်မှာ DigitalMarketing.com.mm (Digital Marketing Agency)
2022 ခုနှစ်မှာ App.com.mm (Web & Apps Developing Agency) နဲ့
2023 ခုနှစ်မှာ Food.com.mm (Food Selling & Delivering Agency) တို့ကို အသီးသီးတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ သက်ဆိုင်ရာ Agency အလိုက် Founder တစ်ဦးအနေနဲ့ Digital Marketing၊ Web and Apps Developing၊ Food Selling & Delivering Service များကို အကောင်းဆုံး စီမံခန့်ခွဲနေပါတယ်။

2014 ခုနှစ် မြန်မာပြည်သို့ ပြန်လည်အခြေချစဉ်ကတည်းက Co-Founder ဖြစ်သူ ဇနီးသည် Cho Zin Thin နှင့်လက်ထပ်ပြီး ယနေ့တိုင် လုပ်ငန်းများကို နှစ်ဦးလုံး စွမ်းစွမ်းတမံ စီမံကြလျက်ရှိပါတယ် ခင်ဗျာ။