- Management Software တွေရေးဆွဲတယ်ဆိုတာ လုပ်ငန်းလည်ပတ်နေတဲ့ Procedure တစ်ခုလုံးကို ပြန်လည်ရေးဆွဲတာလို့ အလွယ်သတ်မှတ်နိုင်ပါတယ်။
- ဒီနေရာမှာ ကိုယ်ရေးဆွဲချင်တဲ့ ကဏ္ဍရဲ့SOP ရှိထားရင် Software အတွက် လိုအပ်တဲ့ Feature တွေ ဆွေးနွေးတိုင်ပင်ထည့်သွင်းရာမှာ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။
- SOP ဆိုတာကတော့ Standard Operating Procedure ရဲ့အတိုကောက်ဖြစ်ပြီး စီးပွါးရေးလုပ်ငန်းများမှာ အသုံးပြုတဲ့ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်တွေကို ဆိုလိုပါတယ်။
ဥပမာ – Digital Marketing အတွက် Software ရေးဆွဲရင် Digital Marketing Department ရဲ့SOP တွေဖြစ်တဲ့
- လအစတည်းက ဘယ်လို Plan တွေထုတ်တယ်၊
- ထုတ်ထားတဲ့ Plan တွေအတိုင်း ဘယ်လိုဆက် Run တယ်၊
- လတစ်လပြီးသွားတဲ့အခါမှာလည်း Report တွေထုတ်ပြီး Strategy တွေဘယ်လိုပြင်ဆင်တယ် ဆိုတာမျိုးတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် အသုံးဝင် Software & Application များရေးဆွဲဖို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Contact Us : 09-4210 140 55 ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်ခင်ဗျာ။