School Management System တစ်ခုမှာ ဘယ်လို Module တွေ အဓိကထည့်သွင်းကြလဲ?
ကျောင်း နဲ့ သင်တန်းတွေရဲ့ Management ပိုင်းကို ပိုမိုတိကျပြီး လွယ်ကူမြန်ဆန်စေဖို့ School Management System တစ်ခုတည်ဆောက်တဲ့အခါ ယေဘုယျအနေနဲ့ ဖော်ပြပါ Module တွေ ထည့်သွင်းရေးဆွဲတတ်ကြပါတယ်။
School Management System မှာ အဓိကပါဝင်သင့်တဲ့ Main Module တွေကတော့
- Student Information Management
Student တွေရဲ့ Personal Details၊ Academic Records နဲ့ Progress Tracking တွေကို သေချာစီမံခန့်ခွဲပေးမယ့် Module ဖြစ်ပြီး Data Privacy အတွက်လည်း လုံခြုံအောင်ပံ့ပိုးပေးထားပါတယ်။
- Academic Management
Student တွေရဲ့ Academic Activities တွေဖြစ်တဲ့ course scheduling၊ curriculum development၊ grading နဲ့ assessment တွေကို စနစ်တကျစီမံပေးမယ့်အပြင် ကျောင်းရဲ့သင်ကြားရေးစနစ်ကိုပါ တိုးတက်စေမယ့် Module ဖြစ်ပါတယ်။
- Attendance Management
Student နဲ့ Staff တွေရဲ့ Attendance နဲ့ Report တွေကို တိကျစွာကောက်ခံပေးမယ့် Module ပါ။ Stakeholder တွေနဲ့ Student တွေကြား စနစ်တကျဆက်သွယ်ပေးထားနိုင်တဲ့ ကြားခံ Module လည်းဖြစ်ပါတယ်။
- Faculty Management
ကျောင်း/သင်တန်းရဲ့ Recruitment၊ Performance Evaluation၊ Scheduling အပြင် Ongoing Professional Development တွေစတဲ့ Faculty Data အားလုံးကို နိုင်နင်းစွာ စီမံခန့်ခွဲပေးပြီး Teaching Quality ပါ တက်လာစေမယ့် System Module လို့ဆိုနိုင်ပါတယ်။
- Communication Tools
Students တွေ၊ Faculty တွေနဲ့ Administrative Staff တွေကြား ဆက်သွယ်ပေးမယ့် Platform Module မျိူးပါ။ ဒီ Tools တွေမှာဆိုရင် Educational Community ထဲ Engagement တက်စေဖို့ Messaging Systems၊ Forums နဲ့ Notifications တွေထည့်သွင်းပေးထားပါတယ်။
- Finance Management
Budgeting၊ Billing၊ Tuition Payment တွေနဲ့ Financial Reporting စတဲ့ Finance ပိုင်းဆိုင်ရာကို နိုင်နင်းစွာ ခန့်ခွဲပေးပြီး Institution Funds တွေအထိပါ သေချာစီမံပေးမယ့် System လည်းဖြစ်ပါတယ်။
- Library Management
Cataloging၊ Circulation နဲ့ User Access စတဲ့ Library Resource တွေကို Manage လုပ်ပေးမယ့် system ပါ။ ဒီ System ကြောင့်ပဲ Student နဲ့ Faculty တွေရဲ့ Academic Resource တွေကိုလည်း စနစ်ကျသွားစေမှာပါရှင်။
- Transport Management
Transportation Logistics တွေကို Click တစ်ချက်နဲ့ စီမံနိုင်အောင် Support လုပ်ပေးထားပြီး Student & Staff တွေရဲ့ Vehicle Scheduling၊ Route Planning၊ Student Pickup / Drop-off တွေအထိ Safe & Efficient ဖြစ်စေပါတယ်။
- Extracurricular Activities Management
Student တွေရဲ့ကျောင်းတွင်းပြင်ပလှုပ်ရှားမှုတွေဖြစ်တဲ့ Non-Academic Activities၊ Student Clubs၊ Student Events တွေအတွက် Schedule ဆွဲခြင်း၊ Participation Tracking အားလုံးကို စီမံပေးမယ့် Useful System ဖြစ်ပါတယ်ရှင်။
- Reports and Analytics
သင်တန်း/ကျောင်းရဲ့ Insight Data တွေကို Report အနေနဲ့ အချိန်မရွေး ပြန်ထုတ်ပေးနေမယ့် Platform ဖြစ်ပါတယ်။
- User and Role Management
School Management System တစ်ခုလုံးရဲ့ Level & Role Permission တွေကို Security ပိုင်း လုံခြုံစိတ်ချရမှုအပြည့်နဲ့ ထိန်းချုပ်ပေးထားတဲ့ System Module ပါရှင်။
- Admission Management
Application Tracking၊ Documentation၊ Interview နဲ့ Enrollment စတဲ့ Student Admission တွေကို စီမံခန့်ခွဲပေးမယ့် Process Management ဖြစ်ပါတယ်။
- e-Learning / Learning Management System (LMS)
Educational Course တွေ၊ Training Program တွေရဲ့ Delivery၊ Tracking နဲ့ Assessment တွေကို စနစ်ကျစေပြီး Learning Experience တိုးတက်လာစေမယ့် Platform System တစ်ခုပါရှင်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းအမျိုးမျိုးအတွက် E-Commerce Applications များအပါအဝင် Software Solutions များရေးဆွဲဖို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Contact Us : 09-4210 140 55 ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်ရှင်။