Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

Official Account

လုပ်ငန်းတိုင်း Viber မှာ Official Account ဘာကြောင့်ရှိထားသင့်တာလဲ?

Digital Communication တွေကနေ ပြောဆိုဆက်သွယ်ကြတဲ့အခါမှာ အဓိကအရေးပါတဲ့အချက်ကတော့ လုံခြုံရေးပါပဲ။

Digital Platform တွေပေါ်က Security ပိုင်းဆိုင်ရာ ပြဿနာတွေဟာ Virus တွေ Malware တွေတင် မကတော့ဘဲ အယောင်ဆောင်လိမ်လည်မှုအမျိုးမျိုးပါ ထပ်တိုးလာခဲ့ပြီဖြစ်ပါတယ်။ လိမ်လည်သူတွေဟာ User တွေရဲ့ယုံကြည်မှုကို ရယူဖို့နဲ့ အလွဲသုံးစားလုပ်ဖို့ နာမည်ကြီး Digital Platform တွေပေါ်မှာ နာမည်ကြီး Company ကြီးတွေ ဟန်ဆောင်ပြီး လိမ်လည်တာကို အတွေ့ရများလာပါတယ်။

ဒါဆိုရင် Viber Messenger ကိုအသုံးပြုပြီး သင့်လုပ်ငန်း သင့်ကုမ္ပဏီနဲ့ပတ်သက်လို့ အယောင်ဆောင်လိမ်လည်မှုတွေမရှိစေဖို့ ဘယ်လိုကာကွယ်ထားသင့်လဲ?

တရားဝင်အကောင့်တစ်ခုအဖြစ်သေချာအောင် Viber official Accountတည်ဆောက်ထားသင့်ပါတယ်။

Admin က ဒီနေ့မှာတော့ လုပ်ငန်းတိုင်း Viber Official Accountရှိထားခြင်းရဲ့အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်ရှင်။

  • Viber Official Mark ပါဝင်ခြင်း

Official Accountတွေမှာ Facebook Blue Mark လို Official Mark ထည့်သွင်းပေးပါတယ်။ ဒီအချက်ဟာ Customer တွေကို Official Account အတု/ အစစ် ဟုတ်မဟုတ် အလွယ်တကူ ခွဲခြားပေးပါတယ်။

  • Company Profile ဖော်ပြနိုင်ခြင်း

Viber Official Accountတွေရဲ့နောက်ထပ်အသုံးဝင်တဲ့အချက်ကတော့ Company Profile ကို တိတိကျကျ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ဆက်သွယ်သူတွေအနေနဲ့ Company နဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျကို အသေအချာစစ်ဆေးလေ့လာနိုင်ပါတယ်။

  • Server တွေမှာ မသိမ်းဆည်းခြင်း

Official Accountတွေမှာဆိုရင် Message တွေကို Sender တွေရဲ့Server မှာ သိမ်းဆည်းမထားတာကြောင့် Viber Message တွေဟာ Email ထက်တောင် ပိုပြီးလုံခြုံနိုင်ပါသေးတယ်။

  • Data Protection Rate မြင့်မားခြင်း

Viber Official Accountတွေမှာ End to End Encryption ပါဝင်တာကြောင့် Server ထဲရောက်ရှိနေသူတိုင်း ဝင်ရောက်ကြည့်ရှုတာမျိုးမလုပ်နိုင်ဘဲ Data တွေကို ပိုမိုလုံခြုံစေပါတယ်။

  • Proper Introduction ဖော်ပြပေးခြင်း

Viber Community မှာ Official Accountရှိထားခြင်းက Facebook Messenger က Auto Reply တွေလိုပဲ User တစ်ဦးချင်းစီကို အလိုအလျောက်မိတ်ဆက်စာတွေ၊ ကြော်ငြာတွေ ပေးပို့နိုင်ပြီး အကြောင်းအရာတွေအထိ ရှင်းလင်းစေတာကြောင့် လုပ်ငန်းအတွက် များစွာအကျိုးရှိစေပါတယ်ရှင်။

#OpenMoreOnline

#AppForYourBusiness

#CompleteAppSolution

Contact Now