21 ရာစုမှာ ဖုန်း၊လက်တော့ပ်စတဲ့ Device User တွေနဲ့ လုံးဝစိမ်းသက်မနေတဲ့ Dark Mode
သင် App တစ်ခုခု အသုံးပြုတိုင်းမှာ Dark Mode နဲ့ Light Mode နှစ်မျိုးကြား ဘယ် Mode ကို ရွေးချယ်အသုံးပြုဖြစ်ပါသလဲ?
ဒီအချက်တွေကတော့ Dark Mode နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တချို့ပဲဖြစ်ပါတယ်။
- Dark Mode အသုံးပြုခြင်းဟာ Battery Consumption Rate ကို 60% လျှော့ချပေးနိုင်ပါတယ်။
- Smartphone User တွေရဲ့82% ဟာ App ကို Dark Mode နဲ့ အသုံးပြုကြတာပါ။
- Dark Mode ဟာ Screen ကထွက်တဲ့ Blue Ray တွေကြောင့် အမြင်လွှာထိခိုက်ခြင်းကနေ 93% အထိ သက်သာစေပါတယ်။
- ပြင်ပအလင်းရောင်နည်းပါးချိန်တွေမှာ 89% သော Device User တွေဟာ Dark Mode ကို ရွေးချယ်အသုံးပြုကြပါတယ်။
- Dark Mode ဟာ OLED Screen တွေမှာ Energy ကျဆင်းနှုန်းကို ပိုမိုကာကွယ်ပေးပါတယ်။
- Twitch User တွေရဲ့83%၊ Desktop User တွေရဲ့55%၊ MacOS User တွေရဲ့67%၊ Android User တွေရဲ့75%၊ iPhone User တွေရဲ့61% အသီီးသီးဟာ App ကို Dark Mode နဲ့ အသုံးပြုကြတယ်လို့ ဆိုပါတယ်။
- ကမ္ဘာ့ Twitter User တွေရဲ့46% Email User တွေရဲ့78% ဟာ Dark Mode အသုံးပြုလျက်ရှိပါတယ်။
- Dark Mode နဲ့ဖွင့်ထားတဲ့ Website တွေဟာ 43% အထိ Engagement ပိုကောင်းတာကို တွေ့ရပါတယ်။
- Dark Mode ဟာ Digital Eye Strain Symptoms (Digital Device များကြောင့် အမြင်လွှာထိခိုက်ခြင်းလက္ခဏာများ) ကို 35% အထိ လျော့ကျစေတယ် လို့ဆိုပါတယ်။
အခု ဒီပို့စ်ကို ဖတ်နေတဲ့ မိတ်ဆွေကရော .. Facebook ကို Dark Mode နဲ့သုံးနေတာလား?
အဖြေက YES ဆိုရင် Dark Mode ကို ပိုပြီး Prefer ဖြစ်ရတဲ့ အကြောင်းအရင်းလေးကို Comment မှာ မျှဝေပေးသွားပါဦးနော်။