Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

1. ကာစတမ်မာအသစ် များများရအောင် လုပ်ဆောင်ခြင်းနဲ့
2. ရှိပြီးသား ကာစတမ်မာတွေ မကြာခဏ ဝယ်ယူအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်
ဒီထဲမှာ နံပါတ် ၂ နည်းလမ်းဖြစ်တဲ့
ကာစတမ်မာတွေ မကြာခဏ ဝယ်ယူအောင်လုပ်ဆောင်ဖို့
လုပ်ငန်းမှာ Loyalty Program ရှိထားဖို့ လိုအပ်ပါတယ်။
📌Loyalty Program ဆိုတာ ဝယ်သူတွေအတွက်
“ပိုမိုဝယ်ယူခြင်းကနေ ပိုမိုမြင့်မားတဲ့ အကျိုးအမြတ်ခံစားခွင့်”တွေကို
စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။
Loyalty Program တစ်ခု ဖန်တီးတည်ဆောက်ဖို့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။
✅Loyalty Points ပေးအပ်သော စနစ် (Points System)
မကြာခဏ ဝယ်ယူခြင်းကို တွန်းအားပေးဖို့ ဝယ်ယူမှုတိုင်းမှာ Points တွေကို ပေးအပ်ခြင်းဖြစ်ပါတယ်။
Points တွေပေးတဲ့နေရာမှာ
ဝယ်ယူတဲ့ ငွေပမာဏပေါ် မူတည်ပြီး ပေးလို့ရသလို (Purchase Amount Based)
Product ကို မူတည်ပြီးတော့လည်း ပေးလို့ရပါတယ်။ (Products Based)
✅Member အမျိုးအစား သတ်မှတ်မှု (Member Tier Level)
Ponts အရေအတွက် ပမာဏအလိုက် Member အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း ဖြစ်ပါတယ်။
Sliver, Gold, Platinum စသဖြင့် ကိုယ်နှစ်သက်ရာ အခေါ်အဝေါ်ပေးပြီး Member အဆင့်ဆင့် သတ်မှတ်ထားနိုင်ပါတယ်။
မတူညီတဲ့ Member အမျိုးအစားအလိုက် မတူညီတဲ့ ခံစားခွင့်တွေ ပေးလို့ရပါတယ်။
ဥပမာ – Gold Member တစ်ယောက်အနေနဲ့ 5% Discount ရချိန်မှာ Platinum Member အနေနဲ့ 10% Discount ရခြင်းမျိုးပဲ ဖြစ်ပါတယ်။
✅ဆုကြေးပေးအပ်မှု အစီအစဉ် (Rewards Management)
ရရှိထားတဲ့ Points တွေနဲ့ ပြန်လည်လဲလှယ်နိုင်မယ့် ဆုကြေး (Rewards) တွေကို သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။
Rewards တွေအနေနဲ့
– Products (ရောင်းချတဲ့ ပစ္စည်းတွေကို Points သတ်မှတ်ပြီး တိုက်ရိုက်လဲလှယ်နိုင်တာ)
– Gift Items (လက်ဆောင်ပစ္စည်း ထီး၊ စာအုပ် စတာတွေကို လဲလှယ်နိုင်တာ)
– Cash Back (Points နဲ့ ငွေသားတိုက်ရိုက်လဲလှယ်ပြီး လျှော့ဈေးအနေနဲ့ ရယူနိုင်တာ)
– Coupon (ဈေးသက်သာမယ့် Coupons တွေနဲ့ လဲလှယ်နိုင်တာ)
စသဖြင့် အမျိုးမျိုး သတ်မှတ်ထားနိုင်ပါတယ်။
✅စည်းကမ်းချက်များ (Points Rules & Regulation)
Points တွေကို အသုံးပြုကြမယ့် ကာစတမ်မာတွေအတွက် အချို့သော စည်းကမ်းချက်တွေ သတ်မှတ်ထားဖို့လည်း လိုအပ်ပါတယ်။
– Ponts Expire Date (မသုံးဘဲထားပါက အလိုအလျောက် Points များကုန်ဆုံးသွားခြင်း)
– Maximum Points Per Purchase (တစ်ကြိမ်လျှင် အများဆုံး အသုံးပြုနိုင်သည့် Points ပမာဏသတ်မှတ်ခြင်း)
– No Cash Value (Points များကို ငွေသားနှင့် တိုက်ရိုက်ဖလှယ်ခွင့် ပိတ်ပင်ထားခြင်း) စသဖြင့် လုပ်ငန်းနဲ့ ကိုက်ညီမယ့် စည်းကမ်းချက်တွေ သတ်မှတ်ထားနိုင်ပါတယ်။
အထက်ပါ အချက်များနဲ့ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Loyalty Program တစ်ခု ဖန်တီးထားနိုင်ပါပြီ။
Loyalty Program တစ်ခုအောင်မြင်စွာ လည်ပတ်ဖို့ လိုအပ်တဲ့ Loyalty Points System ရေးဆွဲတည်ဆောက်လိုပါက App.com.mm မှ IT Consultants များနဲ့ ဆက်သွယ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Hotline – 09 7777 36753