Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

Myanmar Market

Myanmar Market မှာ တစ်စ တစ်စ အံဝင်လာတဲ့ E-Commerce App များ

E-Commerce App တွေရဲ့တွင်ကျယ်လာမှုက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ စားသုံးသူများကြားက အရောင်းအဝယ်ပုံစံကို ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အဲဒီ့ထဲ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံအပါအဝင်ပါပဲ။

ဒီနေ့မှာတော့ E-Commerce App တွေဟာ မြန်မာ့စျေးကွက်နဲ့ အံဝင်ခွင်ကျပြီး မြန်မာ့စီးပွါးရေးနယ်ပယ်ကို ဘယ်လိုတိုးတက်လာစေခဲ့လဲဆိုတဲ့ အချက်တွေအကြောင်း သုံးသပ်ပြသွားမှာဖြစ်ပါတယ်။

1. Rapid Growth of Internet and Mobile Access

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Internet Access အားကောင်းလာပြီး Mobile Phone အသုံးပြုမှုတွေ ပိုမိုတွင်ကျယ်လာပါတယ်။ စစ်တမ်းတွေအရ မြန်မာ့လူဦးရေရဲ့၇၀% ကျော်ဟာ စမတ်ဖုန်းတွေနဲ့ အင်တာနက်အသုံးပြုနေပြီး ဒီအချက်ကပဲ E-Commerce App ကနေ Online Shopping ဝယ်ယူခြင်းအတွက် များစွာအထောက်အပံ့ဖြစ်လာစေပါတယ်။

2. Convenience and Accessibility

ဝယ်ယူရလွယ်ကူပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ Feature တွေနဲ့ E-Commerce App ကနေ စျေးဝယ်ခြင်းဟာ Customer တွေကို ပိုမိုအဆင်ပြေစေပါတယ်။ အထူးသဖြင့် ဝေးလံခေါင်သီတဲ့နေရာက Customer တွေ၊ Physical Store (အပြင်ဆိုင်)တွေဆီ ကိုယ်တိုင်လာဖို့ အခက်အခဲရှိတဲ့ Customer တွေ အနေနဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ နှစ်သက်ရာကိုရွေးချယ်ဝယ်ယူနိုင်တာကြောင့် မြို့ပြနဲ့ကျေးလက် Customer တွေကြား ကွာဟချက်ကို နည်းပါးသွားစေပါတယ်။

3. Localized Payment Solutions

ယခင် မြန်မာနိုင်ငံက E-Commerce App တွေ ရင်ဆိုင်ရတဲ့ Challenge တွေထဲ တစ်ခုကတော့ Digital Payment System နဲ့ပတ်သက်တဲ့ အခက်အခဲပါပဲ။ ယခုအခါမှာတော့ KBZPay နဲ့ Wave Pay တို့လို လုံခြုံလွယ်ကူတဲ့ Mobile Money Service တွေ ပေါ်ထွက်လာပြီး E-Commerce App ကနေ ဝယ်ယူငွေပေးချေမှုတွေကို အဆင်ပြေသွားစေပါတယ်။

5. The Rise of Local E-commerce Platforms

မြန်မာ့စျေးကွက်မှာ Local E-Commerce Platform တွေ များပြားတွင်ကျယ်လာတာကလည်း Local Customer တွေကြား E-Commerce App တွေ ပိုမိုအံဝင်လာစေဖို့ ကူညီပေးပါတယ်။ ဥပမာ App.com.mm နဲ့ Food.com.mm တို့လို Local E-Commerce Platform တွေကနေ တဆင့် လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို E-Commerce App ရေးဆွဲရောင်းချနိုင်ပြီး Local Customer တွေရဲ့Shopping Experience ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။

6. E-commerce Supporting Small and Medium Enterprises (SMEs)

E-commerce Platform တွေဟာ မြန်မာနိုင်ငံရဲ့ အသေးစားနဲ့အလတ်စား စီးပွါးရေး လုပ်ငန်းတွေအတွက်လည်း Customer Base ရရှိအောင် စွမ်းဆောင်ပေးပါတယ်။ SME လုပ်ငန်းတွေရဲ့Product နဲ့ Service တွေကို E-Commerce App အသုံးပြုပြီး Online ပေါ်က ရောင်းချခြင်းက အကုန်အကျသက်သာစွာ လုပ်ငန်းတိုးချဲ့စေနိုင်သလို နိုင်ငံရဲ့စီးပွါးရေးကိုပါ တစ်ဖက်တစ်လမ်းက တိုးတက်စေပါတယ်

7. Shifts in Consumer Behavior

နောက်ဆုံးအချက်အနေနဲ့ စျေးဝယ်သူတွေဟာ Online Shopping နဲ့ ပိုပြီး ကျွမ်းဝင်လာတဲ့နောက်မှာ E-Commerce App တွေရဲ့အရေးပါမှုကလည်း တိုးမြင့်လာပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ Online စျေးဝယ်မှုတွေကို တစ်စတစ်စပိုမို ယုံကြည်အားထားလာတာကြောင့် Myanmar Market ထဲက လက်လီဝယ်ယူမှုတွေမှာ E-Commerce App အသုံးပြုမှုတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်ရှင်။

OpenMoreOnline

Contact Now