Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

E-Commerce App တွေက ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေ ရောင်းချဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ထင်နေတုန်းလား?

ဒါဆိုရင်တော့ အခုပြောပြမယ့် E-Commerce App နဲ့ In-App Marketing လုပ်ဆောင်နည်း ၃ မျိုးကို တစ်ချက်လောက်လေ့လာကြည့်လိုက်ပါ။

Push Notifications

KBZ Pay ကနေ ရုတ်တရက် တက်တက်လာတတ်တဲ့ Message Notification လေးတွေကို မြင်ဖူးကြတယ်မလား❔User တွေဆီ အော်တိုပေးပို့လာတဲ့ ဒီ Notifications တွေဟာ E-Commerce App တွေရဲ့Push Notification Feature ပါ။ ဒီ Feature ကို အသုံးပြုပြီး Promotion ကြေညာချက်တွေ၊ New Product မိတ်ဆက်စာတွေ၊ Discount Reminder Message တွေပေးပို့ရင်း In-App Marketing အတွက် အကျိုးရှိစေနိုင်ပါတယ်။

Promotion Ads Banner

အထွေအထူး မိတ်ဆက်ပေးစရာမလိုတဲ့ ဒီ Feature ကတော့ User အနေနဲ့ App အသုံးပြုနေစဉ်တလျှောက်လုံး App အပေါ်ဘက်ခြမ်းကနေ တရိပ်ရိပ်တက်နေတဲ့ လုပ်ငန်းကြော်ငြာတွေကို ဆက်တိုက်မြင်တွေ့နေရမှာပါ။ ဒိီ Feature ရဲ့အားသာချက်ကတော့ စာတွေအပြင် Catchy ဖြစ်တဲ့ Design တွေ၊ Product Photo တွေပါ ထည့်သွင်းပြသထားနိုင်ပြီး User Attention ကို ထိထိမိမိရယူနိုင်တာပဲဖြစ်ပါတယ်။

Preview Short Video

App ထဲဝင်ဝင်ချင်းမှာ ၅-၁၀ စက္ကန့်ထက်ပိုမကြာတဲ့ Ads Video လေးတွေ မြင်ဖူးကြတယ်ဟုတ်? ဒီလို Video လေးတွေနဲ့ ကြော်ငြာတာက E-Commerce App ရဲ့Preview Video Feature ကို အသုံးပြုထားတာပါ။ Preview Video နဲ့ In App Marketing လုပ်ခြင်းရဲ့အားသာချက်တွေမှာဆိုရင် User တွေ ကိုယ်ပေးချင်တဲ့ Message ကို သတိထားမိဖို့ သေချာစေတာ၊ ပုံရောစာပါ တွဲလျက်ဖော်ပြနိုင်တာ၊ Promotion နဲ့ New Product တွေအကြောင်း App User တွေ မသိသူနည်းသွားစေတာတို့ ပါဝင်ပါတယ်ခင်ဗျာ။