Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကစတင်ပြီး Online Sale Platform မျိုးစုံဟာ Global E-Commerce Market မှာ တစ်စတစ်စ လူသိများအောင်မြင်လာတာကို မြင်တွေ့ခဲ့ကြရပါတယ်။ ယနေ့မှာ ဥပမာအနေနဲ့ပြောပြမယ့် ဒီ E-Commerce App တွေကိုတော့ လူကြီးမင်းတို့ကိုယ်တိုင် မသုံးဖူးရင်တောင် မျက်မှန်းတန်းမိနေမှာတော့ အသေအချာပါပဲ။

Amazon
Amazon ဟာ 2014 ခုနှစ်ကစတင်ပြီး ယနေ့အထိ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီဆိုင်ကြီးတစ်ဆိုင်ပဲဖြစ်ပါတယ်။ Amazon E-Commerce မှာဆိုရင် စာအုပ်၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ လူသုံးကုန်တွေအပြင် လိုအပ်သမျှ ကုန်စည်မျိုးစုံကို တစ်စုတစည်းတည်းမှာယူနိုင်ပါတယ်။ အထူးသဖြင့် မြောက်အမေရိက နဲ့ ဥရောပနိုင်ငံတွေကို Amazon Market က လက်ဝါးကြီးအုပ်ထားဆဲပါပဲ။

eBay
ကမ္ဘာ့တစ်ခွန်းဆိုင်ကြီးလို့ လူသိများတဲ့ eBay ဟာဆိုရင်လည်း တစ်ဦးချင်းမှာယူမှုကနေ လက်ကားဖြန့်ချိမှုတွေအထိပါ အသုံးဝင်တဲ့ E-Market တစ်ခုပါ။ ဒီ Market မှာဆိုရင် ဝယ်ယူရုံတင်မက ကိုယ်တိုင်ပါရောင်းချလို့ရတဲ့ Feature တွေနဲ့ ဖွဲ့စည်းထားပြီး အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတော်တော်များများမှာ နာမည်ကျော်ကြားတာပဲဖြစ်ပါတယ်

Alibaba Group
မသိသူအလွန်နည်းတဲ့ Alibaba ဟာဆိုရင် Chinese E-Commerce Market ရဲ့အကြီးဆုံး Group တွေထဲကတစ်ခုဖြစ်ပြီး Taobao၊ Tmall တို့နဲ့ အပြိုင် နာမည်ကြီးပါတယ်။ တရုတ်နိုင်ငံတွင်းအပြင် အခြားကမ္ဘာ့နိုင်ငံတွေအတွက်ပါ အသုံးဝင် Online Shop တစ်ခုလို့သတ်မှတ်ထားကြရုံသာမက Alibaba.com ကနေလည်း B2B လက္ကားရောင်းဝယ်မှုတွေ တွင်ကျယ်စွာပြုလုပ်နေပါသေးတယ်

Rakuten
တရုတ်နိုင်ငံမှာ Alibaba နာမည်ကြီးသလို ဂျပန်နိုင်ငံမှာ လူသိများတဲ့ Rakuten Online Market ပဲဖြစ်ပါတယ်။ ထုတ်ကုန်နဲ့ဝန်ဆောင်မှုများစွာကို ကမ္ဘာတဝှမ်း အလွယ်ကူဆုံးနည်းလမ်းနဲ့ ဖြန့်ချိပေးနေပြီး ဂျပန်နိုင်ငံတွင်းအပြင် Global Market ကိုပါ အောင်မြင်စွာ ထိုးဖောက်ထားပါတယ်

Flipkart
2014 တည်းက အိန္ဒိယနိုင်ငံရဲ့Leading E-Commerce Platform တစ်ခုဖြစ်လာတဲ့ Flipkart ကတော့ စာအုပ်၊ လျှပ်စစ်ပစ္စည်းနဲ့ ဖက်ရှင်အဝတ်အထည်တွေ တွင်ကျယ်စွာ ရောင်းချပေးတဲ့ Market တစ်ခုပါ။ အိန္ဒိယစျေးကွက်တွင်းမှာ Amazon နဲ့အပြိုင် လူသိများတဲ့ Competitor Market လည်းဖြစ်ပါသေးတယ်။

Walmart
Amazon ကို တုပပြိုင်ဆိုင်ရင်း နာမည်ကောင်းရလာတဲ့ Walmart ဟာဆိုရင်လည်း ကမ္ဘာလုံးဆိုင်ရာ Physical Store တွေအတွက် Retail၊ Wholesale ရောင်းချပေးတဲ့ E-Commerce Platform ပါပဲ။ US အခြေစိုက်ဖြစ်ပြီး ယနေ့အချိန်မှာတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားတာတွေ့ရပါတယ်။

JD.com
Jingdong လို့လည်း လူသိများတဲ့ JD.com ဟာဆိုရင် Authentic Product တွေဖြန့်ချိရုံသာမက Logistics Network ကိုပါ လက်ဝါးကြီးအုပ်ထားနိုင်တဲ့ China E-Commerce App ပဲဖြစ်ပါတယ်။ Alibaba နဲ့အပြိုင် တရုတ်နိုင်ငံရဲ့ထိပ်တန်း E-Commerce Platform တွေထဲက တစ်ခုလို့ဆိုနိုင်ပါတယ်။

Zalando
ဥရောပရဲ့Online Fashion ပိုင်းမှာ နာမည်ကြီးတဲ့ Zalando မှာတော့ အဝတ်အထည်၊ ဖိနပ်နဲ့ Accessories မျိုးစုံကို တစ်စုတစည်းတည်း ဝယ်ယူနိုင်မှာပါ။ ဂျာမဏီနိုင်ငံနဲ့ ဥရောပနိုင်ငံအချို့မှာ အသုံးများဆုံးအဖြစ် မြင်တွေ့ရပါတယ်။

Otto
ကိုးခုမြောက် ပလက်ဖောင်းအနေနဲ့ မိတ်ဆက်ပေးမှာကတော့ Otto လို့အမည်ရပြီး German Based E-Commerce Company တစ်ခုဖြစ်ပါတယ်။ ဖက်ရှင်၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်သုံးကုန်တွေမှာယူနိုင်တဲ့ ဒီ App ဟာ ဥရောပရဲ့အကြီးဆုံး E-Com ကွန်ယက်တွေထဲ ထိပ်ဆုံးကပါဝင်နေပါတယ်။

Best Buy
US ရဲ့လျှပ်စစ်ပစ္စည်းဖြန့်ချိရေးစျေးကွက်မှာ အရေးပါတဲ့ Best Buy ပါ။ မြောက်အမေရိက လျှပ်စစ်စျေးကွက်ကို ဦးတည်လွှမ်းမိုးထားပြီး ယခုအခါ အခြားလူသုံးကုန်မျိုးစုံကိုပါ မှာယူနိုင်တဲ့ E-Commerce Platform အဖြစ် အောင်မြင်စွာရပ်တည်နေပါတယ်။