Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

အရင်တစ်ခေါက်က ကုန်ပစ္စည်းအရောင်းဆိုင်တွေအတွက် ရေးဆွဲနိုင်တဲ့ Marketing Software တွေအကြောင်း အကြံပေးတင်ပြအပြီး အခုတစ်ခေါက်မှာတော့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရေးဆွဲနိုင်တဲ့ Marketing Software များအကြောင်း ထပ်မံဝေမျှပေးသွားပါမယ်။

ဒါဆို ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဘယ်လို Marketing software ကအသုံးဝင်မလဲ?

ဟုတ်ကဲ့။ ဝန်ဆောင်မှုအသားပေးတဲ့စီးပွါးရေးလုပ်ငန်းတွေဟာ ဒီလို Website နဲ့ Application တွေရေးဆွဲပြီး ကိုယ့်လုပ်ငန်းကို Next Level အထိ မြှင့်တင်ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။

(1) Profile & Catalog Website (or) App

ဒါကတော့ For Display သီးသန့်ပါ။ လုပ်ငန်းစတင်ဖြစ်ပေါ်လာပုံ၊ Vision Mission တွေအပြင် လုပ်ငန်းကပေးနေတဲ့
ဝန်ဆောင်မှုတွေ အစရှိတဲ့ လုပ်ငန်းအကြောင်းအရာကို ဖော်ပြတဲ့ Profile နဲ့ Catalog Style တွေဖြစ်ပါတယ်။

(2) Customer Relationship Management

Customer တွေရဲ့ information တွေ၊ interaction တွေနဲ့ History ကိုသိမ်းထားပြီး Customer Care လုပ်နိုင်မယ့် စနစ်ပါ။ ဒီ CRM System ဟာဆိုရင် သိမ်းဆည်းထားတဲ့ Customer Data တွေကို အခြေခံပြီး Customer တွေရဲ့Needs & Wants တွေကို အသိပေးတာကြောင့် Marketing လုပ်ငန်းစဥ်မှာ တော်တော်လေးအရေးပါတယ်လို့ ဆိုရမှာပါ။

(3) Loyalty Point System

Loyalty Point System ထဲမှာဆိုရင် Reward ပေးတာ Lucky Draw ဖောက်ပေးတာအပြင် Promotion နဲ့ Discount အစီအစဉ်တွေပါ ထည့်သွင်းနိုင်ပြီး လုပ်ငန်းနဲ့Customerကြား ရင်းနှီးမှုတွေ တိုးလာစေမှာပါရှင်။

(4) Booking System

အထူးသဖြင့် ဆေးရုံ၊ ဆေးခန်း၊ Hotel၊ အလှပြင်ဆိုင်လိုလုပ်ငန်းတွေမှာ Customer တွေ ဖုန်းဆက်စရာ၊ လူကိုယ်တိုင်လာပြီး ဘိုကင်လုပ်စရာမလိုဘဲ Click တစ်ချက်တည်းနဲ့ တန်း Booking တင်နိုင်မယ့် System ပဲဖြစ်ပါတယ်။ စာရင်းတွေကို ပိုတိကျစေပြီး Customer Satisfaction တိုးစေအောင် Booking System App တွေရေးဆွဲထားနိုင်ပါတယ်ရှင့်။

(5) Forum App

လုပ်ငန်းရဲ့Community Group လို ဖြစ်နေမယ့် ဒီ App ကတော့ User အချင်းချင်း Post တင်, Comment ပေး Review ရေးနိုင်တဲ့ Feature တွေပါဝင်နေမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Facebook Group တွေနဲ့ဆင်တူပြီး ကိုယ့်လုပ်ငန်းရဲ့Customer တွေကို တစ်စုတစည်းတည်း စုရုံးပေးထားနိုင်တာကြောင့် Word Of Mouth အတွက်ပါ Effective ဖြစ်စေမှာပါရှင်။