Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

Application တစ်ခုရေးဆွဲတဲ့အခါ လုပ်ငန်းရှင်တွေ နဲ့ Developer တွေကြား အဓိကကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ထည့်သွင်းချင်တဲ့ Requirement တွေကို ရေရေရာရာ မဆုံးဖြတ်နိုင်တာပါပဲ။

တစ်နည်းပြောရရင် လုပ်ငန်းတော်တော်များများက App ရေးဆွဲတဲ့အခါ ကိုယ့် Business နဲ့ ကိုက်ညီမယ့် Requirement တွေကို သေချာမသိဘဲ ဖြစ်နေတတ်ပါတယ်။

App.com.mm ကနေ ဒီကနေ့ ဝေမျှပေးသွားမယ့် အချက်တွေကတော့ App တစ်ခုရေးဆွဲရာမှာ လိုအပ်တဲ့ Requirements တွေကို Business တွေကိုယ်တိုင် သေချာသိရှိစုဆောင်းနိုင်စေဖို့ အဓိကလိုအပ်တဲ့အရာတွေပဲ ဖြစ်ပါတယ်ရှင်။

ဒီ App ကို အသုံးပြုပြီး လုပ်ငန်းရဲ့ဘယ်အပိုင်းကို တိုးတက်စေချင်တာလဲ။ ပစ္စည်းအရောင်းပိုင်းလား၊ Engagement တိုးချင်တာလား၊ လုပ်ငန်းအတွင်းပိုင်းစနစ်ကျဖို့လား။ ကွဲကွဲပြားပြား သိဖို့လိုပါတယ်။

  • Define Business Objectives – လုပ်ငန်းရဲ့ရည်မှန်းချက်တွေကို သတ်မှတ်ပါ

အဲဒီ့နောက်မှာမှ ကိုက်ညီတဲ့ App ကို ရေးဆွဲပြီး KPI အလိုက် ဝင်ငွေဘယ်လောက်တိုးလာလဲ။ Customer တွေဆီက Feedback ကောင်းတွေများလာလား။ Internal မှာ ဘယ်လောက်စနစ်ကျသွားလဲ ဆိုတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

  • Analyze Current Processes – လက်ရှိလုပ်ငန်းစဉ်တွေကို ဆန်းစစ်ပါ

လက်ရှိကိုယ့်လုပ်ငန်းက ဘယ်လို Workflow မျိုးနဲ့သွားနေပြီး ရေးဆွဲမယ့် App က ဒီ Workflow ကို ဘယ်လိုကူညီစေချင်တာလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ နောက်ပြီး လက်ရှိ Run နေတဲ့ လုပ်ငန်းစဉ်တွေရဲ့ Pain Point တွေကိုသာ သေချာစစ်ထုတ်မှတ်သားထားရပါမယ်

  • Research Market and Competitors – စျေးကွက်နဲ့ ပြိုင်ဘက်တွေကို အကဲခတ်ပါ

လက်ရှိစျေးကွက်တွင်း ရှိနှင့်နေပြီးသား App တွေထဲက ကိုယ်ရေးဆွဲမယ့် App နဲ့ ပုံစံတူ App တွေ၊ ကိုယ့် Business နဲ့ လုပ်ငန်းပြိုင်တွေဘက်က ချပြထားတဲ့ App တွေရဲ့အားသာချက်၊ အားနည်းချက်တွေကိုလည်း လေ့လာထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း Market Trend အလိုက် သင့်လုပ်ငန်းရဲ့App က ခေတ်ရှေ့ပြေးပြီး လူစိတ်ဝင်စား အသုံးများတဲ့ App တစ်ခုဖြစ်လာစေမှာပါ။

  • Gather Functional Requirements – အခြေခံလိုအပ်ချက်တွေကို စတင်စုဆောင်းပါ

App မှာ ဘယ်လို Feature တွေ ထည့်သွင်းမှာလဲ။ Feature တစ်ခုချင်းစီက ဘယ်နေရာတွေမှာ အသုံးဝင်စေမလဲ။ စတဲ့အချက်တွေကို အသေးစိတ်စုဆောင်းပါ။ Owner တွေဘက်က ဒီ App ကို ရေးဆွဲပြီး ဘယ်လိုလွယ်ကူစွာ ရောင်းချနိုင်မလဲ ဆိုတာအပြင် User တွေဘက်ကနေပြီးတော့လည်း ကိုယ့်လုပ်ငန်းရဲ့App ကို အသုံးပြုပြီး ဘယ်လိုအဆင်ပြေသွားနိုင်မလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

  • Define Non-Functional Requirements – အခြေခံမကျတဲ့ အခြားလိုအပ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားပါ

App ရဲ့Performance(speed, scalability, efficiency)

App ရဲ့Security (data protection, user authentication, and authorization)

App ရဲ့Usability (user friendly principles) တွေနဲ့

App ရဲ့Reliability (uptime, error handling, and backup systems) တွေလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။

Create Detailed Specifications – အသေးစိတ်အချက်အလက်တွေ ဖန်တီးပါ

App ရဲ့နည်းပညာပိုင်းရော ဒီီဇိုင်းပိုင်းမှာပါ အများနဲ့မတူအောင် ကွဲပြားဆန်းသစ်ပြီး အမှန်တကယ် အကျိုးရှိစေမယ့် Detailed Specifications တွေ ထည့်သွင်းအသုံးပြုဖို့လည်း လိုအပ်ပါသေးတယ်။

  • Validate Requirements – လိုအပ်ချက်တွေကို အတည်ပြုပါ

ကိုယ်စုဆောင်းထားတဲ့ အချက်အလက်တွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တင်ပြကြည့်ပါ။ App ဟာ ဘယ်အပိုင်းမှာ အောင်မြင်သင့်လဲ၊ အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ဆွေးနွေးပြီး Final Decision တွေ ချမှတ်နိုင်ပါပြီ။

  • Document Requirements – လိုအပ်ချက်တွေကို စုဆောင်းပေးဆောင်ပါ

Final Decision တွေအရ App ရေးဆွဲဖို့ လိုအပ်မယ့် Document List ကို စုဆောင်းပြီး အပြီးသတ်တင်သွင်းပါ။ App မှာ ဦးစားပေးပါဝင်ချင်တဲ့ Feature တွေကအစ သေချာစာရင်းပြုစု ပေးဆောင်သင့်ပါတယ်။

  • Plan for Future Updates – Update တွေအတွက် တစ်ခါတည်းအစီအစဉ်ဆွဲပါ

App ဟာ အနာဂတ်မှာလိုအပ်လာမယ့် အချက်တွေနဲ့လည်း လိုက်လျောညီထွေ ပြင်ဆင်ဖြည့်စွက်နိုင်အောင် သေချာပါစေ။ ဒါ့အပြင် ကိုယ်အပ်နှံရေးဆွဲမယ့် Professional ဆီက ရရှိနိုင်တဲ့ Ongoing Support တွေဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပဲဖြစ်ပါကြောင်း …

#OpenMoreOnline

#AppForYourBusiness

#CompleteAppSolution

#Application

#ECommerceApps