Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

လက်လီအရောင်းဆိုင်တွေမှာ

POS System ရှိထားခြင်းရဲ့အကျိုးကျေးဇူးတွေအများကြီးထဲကမှ ဒီအချက် (၆) ချက်ကြောင့် လက်လီအရောင်းဆိုင်တွေမှာ POS System ကောင်းတစ်ခုကို မဖြစ်မနေ တပ်ဆင်ထားသင့်တယ်လို့ ဆိုနိုင်ပါတယ်။

Streamlined Check Out Process

POS System က Customer တွေရဲ့ဝယ်ယူမှုအပြီးသတ်တဲ့ Check Out Process ကို အော်တိုပြုလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ငွေလွှဲ Transaction Process ကို မြန်ဆန်စေတာ Customer တွေရဲ့Waiting Time ကို လျော့သွားစေတာတို့အပြင် Modern POS တွေမှာဆိုရင် Payment Method မျိုးစုံ ပါဝင်လာတာကြောင့် Credit Card နဲ့ Mobile Payment တို့လို Contactless Payment တွေနဲ့ ငွေပေးချေလာနိုင်ပြီး Customer တွေရဲ့Shopping Experience ကို ပိုမိုကောင်းမွန်စေမှာပါ။

Inventory Management

စတိုစီမံခန့်ခွဲမှုမှာလည်း အသုံးဝင်တဲ့ POS နဲ့ဆိုရင် စတိုကို အမြဲမပြတ် Tracking လိုက်ပေးနေပြီး ပစ္စည်းတစ်ခုရောင်းချလိုက်တာနဲ့ Stock လျှော့တာ ပစ္စည်းတစ်ခုတင်သွင်းလိုက်တာနဲ့ Stock ပေါင်းတာမျိုးတွေကို တိတိကျကျပြသပေးပါတယ်။ ဒီအချက်ကြောင့် ရောင်းအားကောင်း ပစ္စည်းတွေ Stockout ဖြစ်သွားတာ ရောင်းအားနည်းပစ္စည်းတွေ Over Stock ဖြစ်နေတာ မျိုးကနေ ရှောင်ရှားနိုင်ပြီး Customer လိုချင်တဲ့ပစ္စည်းကို လိုချင်တဲ့အချိန် အလွယ်တကူရောင်းချနိုင်ပါလိမ့်မယ်။

Data Analytics & Reporting

POS တွေဟာ Sales Trends၊ Product Performance၊ Customer Preferences နဲ့ Employee Productivity စတဲ့ ကဏ္ဍအသီးသီးရဲ့သက်ဆိုင်ရာ Report တွေကို အတိအကျတွက်ထုတ်ပေးပါတယ်။ လုပ်ငန်းတွေဟာ ဒီ Report တွေကနေတဆင့် ရောင်းချခြင်း၊ လျှော့စျေးပေးခြင်း၊ ကုန်ကြမ်းတင်သွင်းခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်း တွေလို အရေးကြီးဆုံးဖြတ်ချက်တွေကို မှန်ကန်စွာချမှတ်နိုင်ပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေပါတယ်။

Enhanced Customer Experience

POS ကမှတ်သားပေးထားတဲ့ Customer တွေရဲ့ဝယ်ယူမှု History တွေ Preference တွေကနေ တစ်ဆင့် Customer အုပ်စုတစ်စုချင်းစီအတွက် Personalized Services တွေ၊ Loyalty Program တွေနဲ့ Targeted Promotion တွေ စီစဉ်ပေးနိုင်ပြီး Customer Satisfaction ကို အပြည့်အဝရယူနိုင်လာပါမယ်။

Improved Staff Efficiency

POS System တွေဟာ ဝန်ထမ်းတွေရဲ့စွမ်းရည်ကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ အထူးသဖြင့် ဝန်ထမ်းတွေအနေနဲ့ Product Information တွေ Customer Data တွေကို POS ကနေ တစ်ဆင့် အလွယ်တကူ မြင်တွေ့နိုင်တာကြောင့် ပိုမိုမြန်ဆန်ချောမွေ့စွာ Service ပေးနိုင်ပြီး Productive Workspace တစ်ခုဖန်တီးပေးနိုင်ပါတယ်။

Mobile & Cloud POS

POS တော်တော်များများဟာ Mobile & Cloud Based Solutions တွေလည်းဖြစ်တာကြောင့် ကောင်တာကနေတင်မဟုတ်ဘဲ နေရာမရွေး အချိန်မရွေး ရောင်းချပေးနိုင်ပါတယ်။ Sale Associate တွေအနေနဲ့ Mobile POS တွေအသုံးပြုပြီး Customer တွေကို ကူညီ Service ပေးနိုင်မယ့်အပြင် Cloud Based POS တွေကလည်း အင်တာနက်ရှိတဲ့ ဘယ်နေရာမဆိုကနေ Data နဲ့ Report တွေ အတိအကျ တွက်ထုတ်ပေးနေမှာလည်း ဖြစ်ပါတယ်ရှင်။

OpenMoreOnline

Contact Now