Contact Us:

670 Lafayette Ave, Brooklyn,
NY 11216

+1 800 966 4564
+1 800 9667 4558

App.com.mm ရဲ့လုပ်ငန်းရှင် Client တွေ အသိချင်ဆုံး မေးခွန်းတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ကုန်ပစ္စည်းအရောင်းဆိုင်တွေအတွက် ဘယ်လို Marketing software တွေရေးဆွဲလို့ရမလဲ?

ဟုတ်ကဲ့။ အရောင်းပိုင်းအသားပေးတဲ့စီးပွါးရေးလုပ်ငန်းတွေဟာ ဒီလို Website နဲ့ Application တွေရေးဆွဲပြီး ကိုယ့်လုပ်ငန်းကို Next Level အထိ မြှင့်တင်ရောင်းချနိုင်မှာဖြစ်ပါတယ်။

(1) Profile & Catalog Website (or) App

ဒါကတော့ For Display သီးသန့်ပါ။ လုပ်ငန်းစတင်ဖြစ်ပေါ်လာပုံ၊ Vision Mission တွေအပြင် လုပ်ငန်းကထုတ်လုပ်ရောင်းချနေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အစရှိတဲ့ လုပ်ငန်းအကြောင်းအရာကို ဖော်ပြတဲ့ Profile နဲ့ Catalog Style တွေဖြစ်ပါတယ်

(2) Ecommerce Website, Ecommerce Application

ဒီလို Web & App တွေမှာတော့ အရောင်းပိုင်းပါ ပါလာပါပြီ။ ကုန်ပစ္စည်းခင်းကျင်းပြသတာကနေ ရောင်းချငွေချေတာအထိ Add To Cart, Payment Transaction တွေနဲ့ Web/ App ထဲမှာ အပြီးအစီးလုပ်နိုင်မယ့် အမျိုးအစားတွေဖြစ်ပါတယ်

(3) Loyalty Point System

အရောင်းပိုင်းပါလာတဲ့အခါ Loyalty Point System လေးကလည်း မရှိမဖြစ်လိုလာပါပြီ။ ဒီ System ထဲမှာဆိုရင် Reward ပေးတာ Lucky Draw ဖောက်ပေးတာအပြင် Promotion နဲ့ Discount အစီအစဉ်တွေပါ ထည့်သွင်းနိုင်ပြီး လုပ်ငန်းနဲ့ဝယ်သူကြား ရင်းနှီးမှုတွေ တိုးလာစေမှာပါရှင်

(4) Forum App

လုပ်ငန်းရဲ့Community Group လို ဖြစ်နေမယ့် ဒီ App ကတော့ User အချင်းချင်း Post တင်, Comment ပေး Review ရေးနိုင်တဲ့ Feature တွေပါဝင်နေမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Facebook Group တွေနဲ့ဆင်တူပြီး ကိုယ့်လုပ်ငန်းရဲ့Customer တွေကို တစ်စုတစည်းတည်း စုရုံးပေးထားနိုင်တာကြောင့် Word Of Mouth အတွက်ပါ Effective ဖြစ်စေမှာပါ

(5) Multi Vendor App

ဒီအမျိုးအစားကတော့ ကိုယ့်လုပ်ငန်းတစ်ခုတည်းတင်မဟုတ်တော့ဘဲ စျေးကွက်မှာရှိသမျှ အခြားလုပ်ငန်းတွေပါ ပါဝင်ကြော်ငြာနိုင်မယ့် App မျိုးဖြစ်ပါတယ်။ ဝယ်သူတွေအနေနဲ့ ဘရန်းမျိုးစုံရဲ့ထုတ်ကုန်မျိုးစုံကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်းလေ့လာဝယ်ယူနိုင်ပြီး ရောင်းသူတွေအတွက်လည်း ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးများစေမယ့် App လို့ ဆိုနိုင်ပါတယ်ရှင်။