Default POS လား? Customized POS လား?
သင့်လုပ်ငန်းအတွက် ဘယ် POS ကိုရွေးမလဲ?
- လုပ်ငန်းစဉ်များ
တကယ်လို့ သင့် Business ရဲ့လုပ်ငန်းစဉ်တွေက အခြေခံကျပြီး ရိုးရှင်းတဲ့အခါ Default POS နဲ့ လုံလောက်ပါပြီ။
လုပ်ငန်းစဉ်တွေ ရှုပ်ထွေးပြီး သီးသန့်ဆန်နေရင်တော့ Customized POS ကို အသုံးပြုသင့်ပါတယ်။
- လုပ်ငန်းအရွယ်အစား
သင့်လုပ်ငန်းအရွယ်အစားက သေးတယ်။ အခုမှစတင်တဲ့ SME Business မျိုးဖြစ်တယ်။ လောလောဆယ် လုပ်ငန်းတိုးချဲ့ဖို့လည်း မရှိသေးရင်တော့ Default POS နဲ့ ကိုက်ညီဖို့ အလားအလာများပါတယ်။
လုပ်ငန်းအရွယ်အစားကြီးမားပြီး အချိန်တိုအတွင်း ဆက်လက်တိုးချဲ့ဖို့လည်း ရည်ရွယ်ထားရင်တော့ Customized POS နဲ့ ပိုမိုသင့်တော်ပါမယ်။
- လုပ်ငန်းနယ်ပယ်
သင့်လုပ်ငန်းနယ်ပယ်က သိသိသာသာ တမူထူးခြားနေတာမျိုးမရှိရင် Default POS တွေနဲ့ အဆင်ပြေနိုင်ပါတယ်။
တမူထူးခြားတယ်၊ သီးသန့်ဆန်တယ်၊ လုပ်ငန်းတူလည်း မရှိသလောက်နည်းတယ် ဆိုရင်တော့ Customized POS တွေ သုံးရပါလိမ့်မယ်။
- ကုန်ကျစရိတ်
ကုန်ကျစရိတ်နဲ့ ယှဉ်လာရင် Default POS တွေက Customized POS တွေထက် ပိုမိုအကုန်အကျနည်းတာတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။
Strategy အရ ကုန်ကျစရိတ်အနည်းငယ်သာ အသုံးပြုနိုင်သေးရင် Default POS တွေသုံးသင့်ပြီး ဘတ်ဂျက်များများ ထုတ်သုံးနိုင်တဲ့အခါ Customized POS တွေက သင့် Business ရဲ့စာရင်းအင်းနဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုစနစ်ကျစေပါလိမ့်မယ်ရှင်။
အသေးစိတ်သိရှိလိုသည်များအတွက် Contact Us : 09-4210 140 55 ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်ရှင်။